လ - ဧပြီ 2019

ဆေးကြော သန့်စင်ပြီး

မယုံနိုင်စရာပါ။ ကျွန်ုပ်၏တဘက်ဖြူများကြားတွင် အပြာရောင် ဘောပင် တစ်ချောင်း အဝတ်လျှော်စက်ထဲ ရောထွေးပါသွားပြီး မကျိုးမပဲ့၊ သို့သော် အခြောက်ခံစက်တွင်မှ ကျိုးပဲ့သွားသည်။ အပြောင်ရောင်မင်များ စွန်းထင်းကုန်ပြီး တဘက်ဖြူဖြူလေးများ ပျက်စီးသွားပါပြီ။ ချွတ်ဆေးမည်မျှပင်သုံးသုံး အစွန်းအထင်းများကို မချွတ်နိုင်ပါ။

ထိုတဘက်များကို အဝတ်စုတ်ပုံထဲ မထည့်ချင် ထည့်ချင် ထည့်ရင်း ဓမ္မဟောင်းကျမ်းမှ ပရောဖက် ယေရမိ မြည်တမ်းဖော်ပြသည့် အပြစ်၏ပျက်စီးစေနိုင်သော သက်ရောက်မှုကို သတိပြုမိသည်။ ဘုရားသခင်ကို ငြင်းပယ်ပြီး ရုပ်တုများသို့ ဦးလှည့်ခြင်းကြောင့် (ယေ ၂း၁၃)၊ ဣသရေလလူတို့သည် ၎င်းတို့၏ ဘုရားသခင်နှင့် ဆက်ဆံရေး၌ ဖျက်မရသော အစွန်းအထင်းကို ဖြစ်စေ ကြပြီဟု ပရောဖက်ယေရမိ ကြေညာခဲ့သည်။ “သင်သည် ပေါက်ဆပ်ပြာနှင့် ရေချိုး၍ ချက်သောဆပ်ပြာအများကို သုံးသော်လည်း သင်၏အပြစ်သည် ငါ့ရှေ့မှာ ထင်ရှားသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏” (း၂၂)။ ဣသရေလလူတို့သည် ၎င်းတို့ ပြုခဲ့သော…

သူဘယ်သူလဲ

လူတစ်ဦးသည် သူ့နေအိမ်အပြင်ဘက်တွင် လုံခြုံရေးကင်မရာတပ်ဆင်ပြီး ပုံထွက် ကောင်းမကောင်း၊ ကင်မရာ အလုပ်လုပ်မလုပ် သေချာအောင် ပြန်လည် စစ်ဆေးနေသည်။ ထိုသို့စစ်ဆေးနေစဉ် ပခုံးကျယ်ကျယ်၊ အနက်ရောင်ဝတ်ဆင်ထားသူတစ်ဦး နောက်ဖေး ခြံဝင်းထဲတွင် ဟိုဟိုဒီဒီသွားနေသည်ကို သူတွေ့နေသည်။ ထိုကျူးကျော်ဝင်ရောက်သူကို သူရင်းရင်းနှီးနှီး တွေ့ဘူးနေသည်။ နောက်ဆုံးတွင် ထိုသူသည် သူကိုယ်တိုင်ပင် ဖြစ်နေကြောင်း သတိထားမိတော့သည်။

ကျွန်မတို့သည် မိမိကိုယ်ခန္ဓာမှ အပြင်ဘက်သို့ ထွက်ပြီး ကိုယ်ကိုယ်ကိုယ် အခြေအနေအမှန်ကို လေ့လာ သုံးသပ်သည့်အခါ မည်သည့်အရာကို တွေ့မည်နည်း။ ဒါဝိဒ်မင်းကြီးသည် ဗာသရှေဘနှင့်ပတ်သက်၍ နှလုံးသား ခိုင်မာလျက်ရှိစဉ်တွင် သူ၏ပြင်ပမှ သူ့အပေါ် မည်သို့ မြင်သည်ကို သိရှိစေရန် ဘုရားသခင်က ပရောဖက်နာသန်ကို စေလွှတ်၍ သူ့အားကယ်တင်ခဲ့သည် (၂ ရာ ၁၂)။

နာသန်က ဒါဝိဒ်မင်းကြီးအား ဆင်းရဲသားတစ်ဦး၏တစ်ကောင်တည်းသောသိုးအား လုယူသည့် သူဌေးတစ်ဦး အကြောင်းကို ပြောပြသည်။ တိရိစ္ဆာန်အကောင်ရေ များစွာ…

စုပ်ပြဲသောကုလားကာ

ယေရုရှလင်မြို့ ဆင်ခြေဖုံးတွင် ညိုမှိုင်းမှောင်မိုက်လျက်ရှိသည်။ မြို့တံတိုင်း၏ အပြင်ဘက်ရှိ တောင်ကုန်းပေါ်တွင် လွန်ခဲ့သည့်သုံးနှစ်တာ ကာလပတ်လုံး မြို့သူမြို့ သားများအား ဆွဲဆောင်မှုအပြည့်ရှိသော ပုဂ္ဂိုလ်တစ်ဦးသည် မရှုမလှနာကျင်စွာဖြင့် သစ်တိုင် ပေါ်တွင် ချိတ်ဆွဲထားခြင်းခံနေရသည်။ ပူဆွေးဝမ်းနည်းလျက် ငိုကြွေးမြည်တမ်း နေကြ သည်။ ညနေခင်းဆည်းဆာသည် အရောင်ဖျော့တော့ပြီး မှေးမှိန်လျက်ရှိသည်။ ပြင်းထန်သောနာကျင်မှုကိုခံစားနေရသည့် ထိုပုဂ္ဂိုလ်သည် ကားတိုင်ပေါ်မှ ကြီးစွာသောအသံဖြင့် “အမှုပြီးပြီ” (မ ၂၇း၅၀၊ ယော ၁၉း၃၀) ဟုကြွေးကြော်ပြီးလျှင် အသက်တော်ကို လွှတ်တော်မူ၏။

ထိုခဏတွင် အခြားသောအသံတစ်သံသည် ဗိမာန်တော်မှ မြို့ကို ဖြတ်ကျော်လျက် ထွက်ပေါ်လာသည်။ ချည်ထည်အဝတ်တစ်ထည်၏ ဆုတ်ဖြဲသံ ဖြစ်သည်။ မည်သူကမျှ ဆုတ်ဖြဲခြင်းမပြုဘဲ ဗိမာန်တော်တွင်းရှိ သန့်ရှင်းရာနေရာနှင့် ဗိမာန်အပြင်ပိုင်းကို ခွဲခြားထားသော အလွန်ကြီးမား၍ ထူထဲသော ကုလားကာသည် အထက်မှ အောက်သို့ သူ့အလိုလို နှစ်ခြမ်းဆုတ်ပြဲသွားသည် (မ ၂၇း၅၁)။…

ဤတဒင်္ဂအချိန်လေးတွင်

ကျွန်တော် လူနာတင်ကားထဲ၌ရှိစဉ် ကားတံခါး ပိတ်လုဆဲဆဲတွင် ကားအပြင်ဘက်တွင် ကျွန်တော့်သားက သူ့မိခင်နှင့်ဖုန်းပြောနေသည်။ ကျွန်တော်၏ ဦးနှောက်၌ ဝိုးတိုးဝါးတား ဖြစ်လျက် သား၏နာမည်ကို လှမ်းခေါ်လိုက်သည်။ “မင်းမေမေကို ပြောလိုက်ပါကွာ။ ဖေဖေသူ့ကို သိပ်ချစ်တယ်လို့” ဟု ကျွန်တော် ဖြည်းညင်းစွာ ပြောလိုက်သည်။

ကျွန်တော် သူ့ကိုခွဲခွာရမည့်အချိန် သေချာ သလောက်ဖြစ်နေပြီဟု ယုံကြည်သည့်အတွက် ကျွန်တော် နောက်ဆုံးနှုတ်ဆက်စကားကို ပြောခိုင်းလိုက်ခြင်း ဖြစ်သည်။ ဤအချိန်အခါလေးသည် ကျွန်တော်အတွက် အမှန်ပင် လုပ်သင့်လုပ်ထိုက်သောအရာပင် ဖြစ်သည်။

သခင်ယေရှုသည် အလွန်ဆိုးဝါးစွာ ဒုက္ခခံစား နေရချိန်တွင် ကျွန်ုပ်တို့ကို ချစ်သည်ဟု ပြောရုံမျှသာ ပြောသည် မဟုတ်ဘဲ အခြားနည်းလမ်းများနှင့်လည်း ဖော်ပြသေးသည်။ သူ့အား ကားတိုင်ထက်တွင် သံမှိုနှင့် ရိုက်နှက်လျက် သရော်သောစကားများဖြင့် စော်ကား မောက်မာသော စစ်သားများကို “အို အဘ၊ သူတို့၏အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို…

ပန်းပွင့်လေးပမာ ရှင်သန်ကြီးထွားခြင်း

ကျွန်မ၏အငယ်ဆုံးမြေးလေးသည် ယခုအခါ အသက် ၂ လရှိပြီး သူ့ကို ကျွန်မတွေ့တိုင်း တစ်စတစ်စ ပြောင်းလဲတိုးတက်မှု ရှိလာသည်ကို သတိထားမိသည်။ သူကိုမြူလျှင် သူက ပြန်၍ပြုံးပြသည်ကို တွေ့ရသည့်အခါ ကျွန်မငိုချမိတော့သည်။ အဘယ်ကြောင့် ဆိုသော် ကျွန်မကိုယ်ပိုင်ကလေးများ၏ပထမဦးဆုံးအပြုံးကို ပြန်လည်သတိရမိ၍ ဖြစ်သည်။ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မနေ့တစ်နေ့က ဖြစ်သကဲ့သို့ပင် ခံစားရသည်။ အချို့အဖြစ်အပျက်များသည်တစ်ခါတစ်ရံ နားမလည်နိုင်အောင်ပင်ဖြစ်တတ်သည်။

ဆာလံကျမ်း ၁၀၃ တွင် ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းသည့် ဆာလံသီချင်း ရေးစပ်ရာတွင် ကျွန်ုပ်တို့၏အသက်တာသည် မြန်ဆန်စွာ ကုန်ဆုံးကြောင်းကို “လူတို့၏နေ့ရက်ကာလသည် မြက်ပင် ကဲ့သို့ဖြစ်၏။ လူသည် လယ်ပြင်၌ရှိသော ပန်းပွင့်ကဲ့သို့ဖြစ်၏။ လေသည် လွန်သွားလျှင် အပွင့်ပျောက်၍ သူ၏နေရာသည် နောက်တဖန် သူ့ကိုမသိရာ” (း၁၅-၁၆) ဟု ဖော်ပြခဲ့သည်။

အသက်တာသည် တိုတောင်းကြောင်းကို သိရှိသော်လည်း ဒါဝိဒ်သည် ဂရုမပြုဘဲ ပန်းပွင့်ကဲ့သို့ လန်းဆန်းစွာ…

ဖန်တီးနိုင်မှုအတွက် ချီးကျူးဂုဏ်ပြုခြင်း

ဘာဂျာ၊ ကယ်လီဖိုးနီးယားဒေသအနီးရှိ ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၄၀၀၀ အနက်တွင် ရှားပါးသောဂျယ်လီငါးများသည် ပင်လယ်ရေစီးကြောင်းနှင့်အတူ မြူးတူး ကခုန်လျက် မျောပါသွားကြသည်။ အနက်ရောင်ရေပြင်နောက်ခံတွင် သူတို့၏ ခန္ဓာကိုယ်သည် အပြာရောင်၊ ခရမ်းရောင်၊ ပန်းရောင်စသည့် အရောင်မျိုးစုံဖြင့် တောက်ပလျက်ရှိသည်။ ခေါင်းလောင်းပုံဦးခေါင်းမှ တရွရွ လှုပ်ရှားနေသော လက်ကလေးများသည် အလွန်မှလှပပါ သည်။ National Geographic မှ ထုတ်လွှင့်ပြသသည့် Halitrephes maasi ဂျယ်လီငါးများ၏လှုပ်ရှားမှု ဗွီဒီယို အပိုင်းလေးကို ကြည့်ရှုစဉ် ဘုရားသခင်က ထိုဂျယ်လီငါး များကို လှပထူးခြားသော ပုံသဏ္ဌာန်ဖြင့် ဖန်ဆင်းထားခြင်း အပေါ် အံ့သြမိသည်။ ၂၀၁၇ အောက်တိုဘာလတွင် သိပ္ပံပညာရှင်များ၏ဖော်ပြချက်အရ အခြားဂျယ်လီငါး အမျိုးကွဲပေါင်း ၂၀၀၀ ကိုလည်း ဘုရားသခင်က ဖန်ဆင်း၍ လှပစွာဆင်ယင်ထားကြောင်း သိရှိရသည်။

ဘုရားသခင်အား ဖန်ဆင်းရှင်ဟု ကျမ်းစာ၏ပထမဆုံးအခန်းကြီး၌ ဖော်ပြထား သည်ကို ကျွန်ုပ်တို့သည်…